Two broad categories of costs

Please share this post to your Facebook and LinkedIn

Two broad categories of costs


(1)Manufacturing cost

Manufacturing cost


– Direct material cost
– Direct Labour cost











Myint Mg Mg Htun

 

Unicode>>>

 


Manufacturing လုပ်နေတဲ့သူတွေအတွက် productတစ်ခုရဲ့ Costing ကိုတွက်ရာမှာ အဓိက အားဖြင့် cost categoryကြီး နှစ်ခုရှိပါတယ်၊၊ဒါတွေကတော့

(1)Manufacturing cost
(2)Non-Manufacturing costဆိုပြီးဖြစ်ပါတယ်၊၊<br>

Manufacturing cost

Manufacturing costဆိုတာက productionမှာ ကုန်တဲ့ costတွေကိုပြောတာပါ ဥပမာ productionမှာဆိုရင် raw material ကို စက်ရုံအလုပ်သမားတွေက တပ်ဆင်ပြုလုပ်ပြီး ပစ္စည်းသစ်ရမယ် ဒီဝန်ထမ်းတွေကို အုပ်ချုပ့်မယ့် supervisorတွေ၊managerတွေရှိမယ်၊ စက်ရုံမှာ ရေခ၊မီးခ၊ အာမခံတွေထားမယ်စသဖြင့် costတွေရှိပါတယ်၊၊ဒီproduction ကcostတွေကို သေချာပြန်ခွဲမယ်ဆိုရင်တော့

– Direct material cost
– Direct Labour cost
-Manufacturing overhead costတို့ဖြစ်ကြပါတယ်၊၊

Direct material costဆိုတာက ပစ္စည်းထုပ်ဖို့အတွက် သုံးတဲ့ materialတွေကိုဆိုလိုပါတယ် ဥပမာ-အအေးထုပ်မယ်ဆို ရေ၊သကြား၊ဆိုးဆေး၊ ဘူးခွန် စသဖြင့် raw materialတွေကို ဆိုလိုချင်းဖြစ်ပါတယ်၊၊

Direct Labour cost ကတော့ raw materialတွေကို ကိုယ်တိုင် ထိတွေ့တပ်ဆင်တဲ့ အလုပ်သမားတွေကိုဆိုလိုပါတယ်၊၊

Manufacturing overhead costမှာဆို indirect material cost, indirect labour cost, နဲ့ other manufacturing costတွေပါဝင်ပါတယ်၊၊

Indirect material cost ဆိုတာ ပစ္စည်းတွေ ပြုလုပ်ရာမှာ သေသေဖွယ်ဖွယ် traceလိုက်လို့မရတဲ ဥပမာ ကော်ပတ်၊သံ၊ အက်၊ ကော်စတာတွေကို ဆိုလိုပါတယ်၊၊

Indirect Labour costကြတော့ ကိုယ်တိုင် ပစ္စည်းတွေထုပ်တဲ့ ထဲမှာမပါတဲ့သူတွေ supervisorတွေ၊managerတွေရဲ့ costကိုဆိုလိုချင်း ဖြစ်ပါတယ်၊၊

Other manufacturing costတွေကတော့ ရေခ၊မီးခ၊ အာမခံခ ၊maintenance ခတွေ၊ depreciation ခတွေကိုဆိုလိုတာပါ၊၊

(2)Non- manufacturing cost

Non-manufacturing cost တွေမှာဆိုရင် အဓိကအားselling and general administrative costတွေပါဝင်ပါတယ်၊၊

Selling costမှာဆို အရောင်းဖြစ်ဖို့အတွက် ကုန်မယ့် costတွေဖြစ်တဲ့marketing cost,distrubution cost,sale promotion,saleman salary စသဖြင်ရှိကြပါတယ်၊၊

General administrative costတွေက တော့နောက်ကနေsupportပေးမယ့် HR,Finance,legal,IT စတဲ့ သက်ဆိုင်ရာက costတွေဖြစ်ပါတယ်၊၊

Myint Mg Mg Htun

Comments are closed.