Stock management and ABC Stock analysis

Please share this post to your Facebook and LinkedIn
 
ကိုယ့်လုပ်ငန်းမှာ ပစ္စည်းတွေရောင်းဖို့ဝယ်ယူတဲ့ အခါ သုံးတဲ့ Stock management and ABC Stock analysis <uni>
 
✅Distribution လုပ်ငန်းတွေမှာ ပစ္စည်းတွေဖြန့်ဖြူးတဲ့အခါ ပြည့်တွင်းကပဲဖြစ်ဖြစ် တခြားနိုင်ငံခြားကပဲဖြစ်ဖြစ် ဝယ်ယူပြီးဖြန့်ဖြူးကြပါတယ်၊၊ဒီလိုဝယ်ယူတဲ့ အခါ ကိုယ့်ရဲ့ ကဘယ်လိုပုံစံမျိုးလေးကို analysisလုပ်ပြီး ဝယ်ယူရမယ်ဆိုတာကို ကောင်းကောင်းသိထားဖို့လို့ပါတယ် မဟုတ်ရင် ရောင်းမကောင်းတဲ့ ပစ္စည်းတွေ အများကြီးဝယ်ထားမိကာ ရောင်မထွက်ပဲ expire ဖြစ်တာတို့ ငွေမြုပ်နေတာတို့ဖြစ်နိုင်ပြီး က်ုယ့်ရဲ့ warehouse ဂိုထောင်ကလည်း တကယ်ရောင်းကောင်းတဲ့ ပစ္စည်းတဲ့ ဝယ်တဲ့အခါထားစရာမရှိပဲ နောက်ဂိုထောင်ဌားရင် ကုန်ကျစရိတ်တွေတက်သွားနိုင်ပါတယ်၊၊ဒီတော့ ပစ္စည်းတွေဝယ်မယ်ဆိုရင်
 
(1)ကိုယ့်က အရင်ပြီးခဲ့တဲ့ sales dataက်ုကြည့်ပြီး ဘယ်itemတွေက အရမ်းရောင်းကောင်းတဲ့ item A type ၊အလယ်အလတ်ရောင်းကောင်းတဲ့item B type ၊သိပ်ရောင်းမကောင်းတဲ့ item C typeဆိုပြီးခွဲပါ အရောင်းကောင်းတာများများဝယ်ပြီး ရောင်းမကောင်းတာ stock နည်းနည်းပဲကိုင်ပါမယ် ၊၊ပြီးရင်
 
(2)ဒီခွဲထားတဲ့ Type A ,B ,C itemတိုင်းတွေကို minimum/safety stock ဘယ်လောက်စီထားမလဲ စဉ်းစားပါ အနည်းဆုံးပစ္စည်းမပြတ်အောင် ကိုင်ထားမယ့်အရေအတွက်ဖြစ်ပါတယ် ဥပမာ 200units ထားလိုက်ပါ၊၊ပြီးရင်
 
(3)A, B ,C itemတိုင်းရဲ့ Lead time တွေကိုတွက်ပါ Lead timeဆိုတာက ကိုယ်က ပစ္စည်းမှာပြီး ရောက်လာတဲ့အထိကြာချိန်ဖြစ်ပါတယ် ဥပမာ တရုတ်ကို ပစ္စည်းလှမ်းမှာမယ် ဟိုမှာထုပ်တဲ့အချိန်က 7ရက် ၊ ပစ္စည်းပို့ချိန် logistic time က 10ရက် ဒါဆို စုစုပေါင်း 17ရက်ကြာပါမယ် border crossပြောတာပါ shipping ဆို တမျိုးပြောင်းနို်င်ပါတယ်၊၊ပြီးတော့
 
(4)ဒီ17က lead timeဖြစ်တာကြောင့် itemတွေရဲ့ 17ရက်စာရောင်းအား averageဘယ်လောက်ရှိလဲကို တွက်ထားရပါမယ် ဒီနေရာမှာ seasonal indexဆိုတာကိုလည်းထည့်စဉ်းစားရပါမယ် တချို့productတွေက နွေရာသီဆို အရမ်းရောင်းရပြီး မိုးရာသိမရောင်းရတာမျိုးတွေရှိတက်ပါတယ် ဒါဆို condition၂ခုစဉ်းစာထားရပါမယ် ဒီ17 အရောင်းက 200ရှိတယ်ထားလိုက်ပါ၊၊ဒီitem တွေရဲ့ 17ရက်စာ stockကို minimum /safety stockနဲ့ ပေါင်းပါ 200 + 200 = 400ဖြစ်ပြီး ဒီလုံးပေါင်းဟာ order ပြန်မှာရမယ့် levelဖြစ်ပါတယ် ကိုယ့်စီမှာ 400ကျန်ပြီဆိုတာနဲ့order မှာရတော့မှာဖြစ်ပါတယ်၊၊နောက်တဆင့်ကတော့
 
(5)Maximum stock level ဖြစ်ပါတယ် ဒါကို စဉ်းစာတဲ့နေရာမှာကိုယ့် warehouse က ဘယ်လောက်ထည့်ဆန့်လဲ ဆိုတာ warehouseရဲ့ sqft တွေ volumeတွေကို တွက်ထားရပါမယ် ဒီအပေါ်မှုတည်ပြီး maximim stock ကစုစုပေါင်း 800ထားမယ်ဆိုရင် 800units ကိုရောင်းရင် 400unitရောက်သွားရင် orderမှာမယ်(600 units) order ကြာချိန် 17ရက်နေရင် ပစ္စည်းရောက်မယ် လက်ကျန် 200units နဲ့ ရောက်လာမယ့် 600unitsပေါင်းရင် maximum 800 units ပြန်ဖြစ်သွားမှာဖြစ်ပါတယ်၊၊
 
logistic
✅ပြီးရင် FIFO နည်းသုံးမှာလာ အရင်ရောက်ပစ္စည်းFirst in အရင်ရောင်ထုပ်စနစ် First Out ကိုသုံးမလား expireရှိတဲ့ productတွေဆိုဒါပဲသုံးရမှာဖြစ်ပါတယ်၊၊
နောက်ပြီးတခြားconditionတွေဖြစ်တဲ့ supplier က များများဝယ်ရင် စျေးတွေအရမ်းလျော့မယ်ဆိုတာတွေဖြစ်လာတက်ပါတယ် ဒီမှာစဉ်းစားရမှာက ရောင်းကောင်းတဲ့ ပစ္စည်း ဆိုရင်အဆင်ပြေပါတယ် expireတော့ချိန်ရပါတယ် မရောင်းကောင်းတဲ့ ပစ္စည်းဆိုရင် မဝယ်တာကောင်းပါတယ် ပိုက်မိနေတက်ပါတယ်၊၊အားလုံးပုံလေးတွေကို လည်းကြည့်ပါ၊၊
အားလုံးကိုကျေးဇူးတင်ပါတယ်၊၊
Myint Maung Maung Tun
 
ကိုယ့်လုပ်ငန်းမှာ ပစ္စည်းတွေရောင်းဖို့ဝယ်ယူတဲ့ အခါ သုံးတဲ့ Stock management and ABC Stock analysis <zaw>
 
 
 
(3)A, B ,C itemတိုင်းရဲ့ Lead time တွေကိုတွက်ပါ Lead timeဆိုတာက ကိုယ်က ပစ္စည်းမှာပြီး ရောက်လာတဲ့အထိကြာချိန်ဖြစ်ပါတယ် ဥပမာ တရုတ်ကို ပစ္စည်းလှမ်းမှာမယ် ဟိုမှာထုပ်တဲ့အချိန်က 7ရက် ၊ ပစ္စည်းပို့ချိန် logistic time က 10ရက် ဒါဆို စုစုပေါင်း 17ရက်ကြာပါမယ် border crossပြောတာပါ shipping ဆို တမျိုးပြောင်းနိုင်ပါတယ်၊၊ပြီးတော့
 
 
 
logistic
 
နောက်ပြီးတခြားconditionတွေဖြစ်တဲ့ supplier က များများဝယ်ရင် ဈေးတွေအရမ်းလျော့မယ်ဆိုတာတွေဖြစ်လာတက်ပါတယ် ဒီမှာစဉ်းစားရမှာက ရောင်းကောင်းတဲ့ ပစ္စည်း ဆိုရင်အဆင်ပြေပါတယ် expireတော့ချိန်ရပါတယ် မရောင်းကောင်းတဲ့ ပစ္စည်းဆိုရင် မဝယ်တာကောင်းပါတယ် ပိုက်မိနေတက်ပါတယ်၊၊အားလုံးပုံလေးတွေကို လည်းကြည့်ပါ၊၊
 
Myint Maung Maung Tun

Comments are closed.