
Please share this post to your Facebook and LinkedIn













Myint Maung Maung Tun

 

Unicode>>>

Share and Bondများ အကြောင်း

အများပိုင် corporation တွေဟာ သူတို့ financing အတွက်ငွေလိုရင် share ဒါမှမဟုတ် bond တွေကိုထုပ်ရောင်းတက်ပါတယ်၊၊

Bondတွေ မှာ အစိုးကထုပ်တဲ့ bond နဲ့ corporationလုပ်ငန်းတွေကထုပ်ရောင်းတဲ့ bondဆိုပြီး နှစ်မျိုးရှိပါတယ်၊၊

Bond နဲ့ share က ဘာကွာသလဲဆိုတော့ shareက ဝယ်တဲ့သူက companyရဲ့ part of the ownershipဆိုတဲ့ လုပ်ငန်းရဲ့Equityကို ပိုင်ဆိုင်တာဖြစ်ပြီး ပိုင်ရှင်သဘောမျိုးပြောလို့ရပါတယ်၊၊

Share ကိုဝယ်ပြီး ရင်နှီးမြုပ်နှံတဲ့ သူကဘာတွေ အကျိုးအမြတ် ရမလဲဆိုတော့ (Dividend +Capital gain) ဆိုတဲ့နှစ်ခုပေါင်းကိုရရှိနိုင်ပါတယ်၊၊

companyက မြတ်လို့ရှိရင် Dividendဆိုတဲ့ အမြတ်ခွဲဝေပေးမှုနဲ့ Capital gainဆိုတဲ့ ကိုယိ့ရဲ့ share ကို secondary marketဖြစ်တဲ့ stock marketမှာ ပြန်ရောင်းရင် market price ပိုတက်သွားတဲ့ အမြတ်နှစ်ခုကို ရရှိပါတယ်၊၊

Shareမှာ များသောအားဖြင့် ordinary share နဲ့ preference shareဆိုပြီး နှစ်မျိုးရှိအဓိက ရှိကြပါတယ်၊၊

Ordinary shareဆိုတာက ရိုးရိုးပုံမှန် shareဖြစ်ပြီး dividend ခွဲဝေတာတွေကို BODက ဆုံးဖြတ်ပါတယ်၊၊Dividend ဘယ်လောက်ရမလဲ ကိုပုံသေပြောလို့မရပါဘူး၊၊

Preference shareကြတော့ ပုံမှန်ကြို တင်သဘောတူထားတဲ့ %အမောက်ကိုပေးတဲ့ ပုံစံမျိုးပါ ဥပမာ preference share 1စောင်ကို 10,000ks ပေးရပြီး 10%ရမယ်ဆို အမြဲတန်း 1000ksဖြစ်တဲ့ 10%ကို တစ်နှစ်ပြည့်ရင်အမြတ်သဘောမျိုး ပုံသေပေးရပါတယ်၊၊

Bondဆို တာကြတော့ companyတွေရဲ့ bond ဝယ်တဲ့သူတွေက အဲ့ companyတွေရဲ့ အကြွေးရှင်နဲ့ တူပါတယ် bond ကဝယ်ပြီးရင် 10 နှစ်ဖြစ်စေ company ကငွေပြန်အန်းပါတယ်၊၊ဒီကြားကာလ တသ်နှစ်ချင်းစီ အတိုးinterest ကို သတ်ထားတဲ့% အလိုက် ဝယ်သူကရရှိမှဖြစ်ပါတယ်၊၊

Bond မှာ convertible bondဆိုပြီး bond ကနေပြီးတော့ shareကို သတ်မှတ်ကာလ ရောက်ရင်ပြောင်းချင် ပြောင်းလို့ရပါတယ်၊၊

Bondရဲ့ အားသာချက်က တကယ်လို့ companyတွေက ဒေဝါလီခံရင် bond သမားတွေက share ရှင်တွေထက် အန်းငွေအရင်ရမှာ ဖြစ်ပါတယ်၊၊

Myint Maung Maung Tun

Comments are closed.