Second ၊ Third sales မတက်တာ sales manတွေ အပြစ်မဟုတ်ပါါ

Please share this post to your Facebook and LinkedIn
 
 Second ၊ Third sales မတက်တာ sales manတွေ အပြစ်မဟုတ်ပါ<uni>
 
✅အရောင်းလောကမှာ ဆိုရင် အရောင်းသမားတွေက companyအတွက်ရှေ့ဆုံးကနေပြီး companyအတွက်ဝင်ငွေရအောင်ရှာပေနေကြတဲ့သူတွေဆိုလည်းဖြစ်တယ် customer တွေကိုအမြဲထိတွေ့နေရပြီး customerတွေအကြောင်းအများဆုံးသိသူတွေဆိုလည်း မမှားပါဘူး၊၊
 
✅အရောင်းသမားတွေရဲ့အဓိကတာဝန်က ကိုယ့်ရဲ့ သက်ဆိုင်ရာAreaမှာရှိတဲ့ ဆိုင်တွေကို sales way planအရပုံမှန်ဝင်ပြီး လစဉ်ချမှတ်ပေးထားတဲ့ targetတွေကို ပြည့်မှီအောင်ရောင်းပေးရမှာဖြစ်ပါတယ် နောက် ဆိုင်သစ်တွေလည်ရှာဖွေးပေးရပြီး ကိုယ်ရောင်းထားတဲ့ဆိုင်ရဲ့ အကြွေးcreditတွေပါ လိုအပ်ရင်လိုက်ပြီးတောင်းပေးရပါတယ်၊၊
 
✅ဒီတောအရောင်းသမားတွေရဲ့ ရောင်းရတဲ့ product/brand အခြေအနေအပေါ်မှုတည်ပြီး ဆိုင်တွေကိုဝင်ရောင်းတဲ့အခါမတူညီကြပါ ဆိုင်တွေက ပေါက်ပြီးရောင်းကောင်းတဲ့ brand/productဆိုရင် တမျိုးဆက်ဆံပြီး မပေါက်တဲ့ brand /productတွေဆိုရင် တမျိုးဆက်ဆံကြပါတယ် ဒီလိုအခြေအနေမှာ first sales တက်ဖို့ဆိုရင် အရောင်သမားတွေရဲ့ ကြိုးစားမှုနဲ့အများကြီးဆိုင်ပါတယ် အခုမှ စဝင်တဲ့ productဆိုရင် ဆိုင်တွေက ချက်ချင်းဝယ်ချင်မှ ဝယ်မှာပါ အရောင်းသမားတွေက ပုံမှန်ဆိုင်တွေကို အမြဲဝင်ရောင်းရင် ဆိုင်ရှင်တွေက အားနာပြီး first sales အနေနဲ့ နည်းနည်းပဲဖြစ် စပြီးဝယ်ကြတာများပါတယ်၊၊
 
✅ဒီတော့ ကိုယ့်ရဲ့ productကဆိုင်ပေါ်ရောက်ပြီ ဆိုင်ပေါ်ကနေပြန်ထွက်ပြီး second salesတက်ဖို့လိုပါတယ် ဆိုင်ပေါ်ကနေ မရောင်းရလိုမထွက်ရင် နောက်တခါဆိုင်တွေသွားရင် ဆိုင်ရှင်တွေက “နင်တို့ ပစ္စည်းဟိုမှာကြည့် မရောင်းရဘူး”ဆိုပြီး ပြောဆိုးကြပါလိမ့်မည့် ဒီလိုအခြေအနေမှာ အရောင်သမားများအနေနဲ့ second sales ရဖို့အလွန်ခက်တဲ့အခြေအနေဖြစ်ပြီး အရောင်းပြန်ကျသွားတော့ အထက်ကsales managerကလည်း sales manတွေကို မင်းတို့အသုံးမကျဘူး ဘာညာဆိုလုပ်မယ်ဆိုရင် အခြေအနေကပိုဆိုးပြီး teamတစ်ခုလုံး စိတ်ဓာတ်ကျသွားနို်င်ပါတယ်၊၊
 
✅တကယ်တော့ second sales မတက်တာ sales manတွေရဲ့ အပြစ်မဟုတ်ပါဘူး ဆိုင်ပေါ်ပစ္စည်းရောက်ပြီး ပြန်မထွက်တာဟာ ကိုယ် ပစ္စည်းရဲ့ qualityမကောင်းလို့လား၊ price အရ competitorတွေထက်မြင့်နေလို့လား qualityတူပြီး၊ marketing communication မကောင်းလို့ consumerတွေမသိတာလား စသဖြင့်အဖြေကိုရှာရပါမယ် ပြီရင်ဒါကို ဘယ်လိုပြောင်းလဲလုပ်ဆောင်ရမလဲစဉ်းစားရပါမယ် ဒီနေရာမှာ sales manager များအနေနဲ့ sales manတွေနဲ့ပွင့်ပွင့်လင်းလင်း meetingလုပ်ပြီး တစ်ယောက်ချင်းစီရဲ့ market အခြေအနေတွေကိုဆွေးနွေးပါ sales manတွေက market ground အခြေအနေအများကြီးသိပါတယ်၊၊
 
✅ဒီလိုများ marketing မကောင်းဘူးဆိုရင် ဘာလိုလုပ်မလဲ strategy planနဲ့ action planဆွဲပြီး လုပ်ဆောင်မယ်ဆိူရင် second sales ကတက်လာနိုင်ပါတယ် အမှန်ကတော့ product မထုပ်ခင်ကတည်းက market research လုပ်မယ်၊ marketing plan ၊sales planတွေသေချာဆွဲရင် အခုလိုမျိုး နှစ်ခါအလုပ်မရှုပ်တော့ပါဘူး
 
အားလုံးကို ကျေးဇူးတင်ပါတယ်
Myint Maung Maung Tun
 
Second ၊ Third sales မတက္တာ sales manေတြ အၿပစ္မဟုတ္ပါ<Zaw>
 
 
 
 
✅ဒီတော့ ကိုယ့်ရဲ့ productကဆိုင်ပေါ်ရောက်ပြီ ဆိုင်ပေါ်ကနေပြန်ထွက်ပြီး second salesတက်ဖို့လိုပါတယ် ဆိုင်ပေါ်ကနေ မရောင်းရလိုမထွက်ရင် နောက်တခါဆိုင်တွေသွားရင် ဆိုင်ရှင်တွေက “နင်တို့ ပစ္စည်းဟိုမှာကြည့် မရောင်းရဘူး”ဆိုပြီး ပြောဆိုးကြပါလိမ့်မည့် ဒီလိုအခြေအနေမှာ အရောင်သမားများအနေနဲ့ second sales ရဖို့အလွန်ခက်တဲ့အခြေအနေဖြစ်ပြီး အရောင်းပြန်ကျသွားတော့ အထက်ကsales managerကလည်း sales manတွေကို မင်းတို့အသုံးမကျဘူး ဘာညာဆိုလုပ်မယ်ဆိုရင် အခြေအနေကပိုဆိုးပြီး teamတစ်ခုလုံး စိတ်ဓာတ်ကျသွားနိုင်ပါတယ်၊၊
 
 
✅ဒီလိုများ marketing မကောင်းဘူးဆိုရင် ဘာလိုလုပ်မလဲ strategy planနဲ့ action planဆွဲပြီး လုပ်ဆောင်မယ်ဆိုရင် second sales ကတက်လာနိုင်ပါတယ် အမှန်ကတော့ product မထုပ်ခင်ကတည်းက market research လုပ်မယ်၊ marketing plan ၊sales planတွေသေချာဆွဲရင် အခုလိုမျိုး နှစ်ခါအလုပ်မရှုပ်တော့ပါဘူး
 
Myint Maung Maung Tun

Comments are closed.