Master Budget

Please share this post to your Facebook and LinkedIn

Master Budget



master budget



(1)Sales Budget



(2)Production budget








(4)Capital expenditure



Myint Mg Mg Htun

 

Unicode>>>

Master Budget

လုပ်ငန်းတိုင်း လုပ်ငန်းတိုင်းတွေမှာ နှစ်စဉ် master budgetတွေ ဆွဲကြပါတယ် ဒီလိုဆွဲရာမှာ department တစ်ခုတည်းနဲ့ ဆွဲလို့မရပဲ အကုန်ပေါင်းပြီးဆွဲကြရပါတယ်၊၊

Master Budgetကိုဆွဲတဲ့ အခါ Top-Down ဆိုတဲ့ အပေါ်က ဆွဲပေးပြီး ချမှတ်ပေးတာထက်၊Bottom-upဆိုတဲ့ အောက်ကနေဆွဲပေးပြီး အပေါ်ကိုတင်မယ် အပေါ်ကမှ ပြန်လည်သုံးသပ်ပေးတဲ့ နည်းစနစ်ကပိုပြီးကောင်းမွန်ပါတယ်၊ဘာလို့လဲဆိုတော့ အောက်ကလူတွေကသာ အခြေအနေကို ပိုပြီးသိရှိနိုင်တာကြောင့်ဖြစ်ပါတယ်၊၊

master budget

ဒီတော့ Master Budgetတစ်ခုစပြီး ဆွဲတော့မယ်ဆိုရင် ပထမဦးဆုံး Sales budgetကို စပြီးဆွဲရပါမယ်၊ ပြီးမှ တခြား production budgetတွေ၊ sales and administrative bidgetတွေ၊ capital expenditure တွေ လိုက်ပြီးဆွဲရမှာဖြစ်ပါတယ်၊၊

ဒီနေရာမှာ ကိုယ်က productionလုပ်မှသာ production budgetလိုတာပါ distribution companyမျိုးဆိုရင် stock ဘယ်လောက်ဝယ်ရမလဲ ဆိုတာကိုပဲ စဉ်းစားရမှာဖြစ်ပါတယ်၊၊

(1)Sales Budget

Sales budgetကို စဉ်းစာတဲ့နေရာမှာ အရင်ဆုံး estimate and forecast salesကို အရင်လုပ်ရပါမယ်၊၊နောက်နှစ်အတွက်လုံးပေါင်း sales ကို ဘယ်လိုဖြစ်နိုင်မလဲဆိုတာ ပြီးခဲ့တဲ့past dataတွေ လွန်ခဲ့တဲ့ ၃နှစ် ၄နှစ်လောက် က yearly salesတွေကို ပြန်ကြည်ပြီး ကိုယ့်လုပ်ငန်းတွေရဲ့  trendတွေ၊ အခြေအနေတွေကိုမှုတည်ပြီး မနှစ်ကsalesကို 10%တက်မယ် စသဖြင်estimate လုပ်ရပါမယ်၊၊

ဒါပြီးရင် အရင်နှစ်က salesတွေကို အခြေခံပြီး seasonal indexကို တွက်ယူကာ monthly sales targetတွေ၊quartely targetတွေချမှတ်ရပါတယ်၊၊ဘယ်လတွေမှ ဘယ်နှစ်ခုရောင်းပြီး ငွေဘယ်လောက်ရမလဲဆိုတာဖြစ်ပါတယ်၊၊

(2)Production budget

Production budgetကို တွက်ထားတဲ့ sales budgetအပေါ်မှုတည် ပြီးဆွဲရမှာဖြစ်ပါတယ်၊၊Sales budgetမှာ ဘယ်လမှာ unit ဘယ်နှစ်ခုရောင်းမလဲပါရှိတာကို အခြေခံပြီး ဘယ်လမှာ အရေအတွက်ဘယ်လောက် ထုပ်ရမလဲဆိုတဲ့ production schedule ထွက်ပါတယ်၊၊

ဒါကိုအခြေခံပြီး တစ်လချင်းစီး ရဲ့ material ဘယ်လောက်လိုအပ်လဲ ဆိုတာကိုသိမယ်၊၊ပြီးရင် ကိုယ့်ရဲ့ material stockကို ကြည့်ပြီး ဘယ်လတွေအတွက် ဘယ်material တွေ ဘယ်လောက်လိုလဲ ဆိုတဲ့material Requirement Planပါရရှိပြီး budget ဘယ်လောက်လိုမလဲပါတွက်ချက်နိုင်ပါတယ်၊၊

နောက်product အတွက် လူတွေဘယ်လောက်လိုလဲ ပါ တွက်ချက်ပြီး အဲ့အတွက်ဘယ်လောက်ကုန်လဲပါ တွက်ထားရပါမယ်၊၊ပြီးရင် တခြားoverhead costတွေကိုပါတွက်ချက်ထားရပါမယ်၊၊

ဒီနေရာမှာ စဉ်းစားရမှာက production မဟုတ်ဘဲ distribution companyတစ်ခုဆိုရင် sales budgetတွေပေါ်မှုတည်ပြီး stock ဘယ်လောက်ဝယ်မလဲ ပစ္စည်းမပျက်အောင် safety stock ဘယ်လောက်ထားမလဲပါစဉ်းစားထားရပါမယ်၊၊

Stock ဝယ်တဲ့နေရာမှာ လည်းLead time ကို သိရှိထားရပါမယ်၊Lead timeဆိုတာက ပစ္စည်းမှာလိုက်ရင် ရောက်လာတဲ့ အထိကြာချိန်ဖြစ်ပါတယ်၊၊ဥပမာ ကိုယ့်လုပ်ငန်းက ပစ္စည်း တစ်ခါမှာရင် တစ်လကြာရင်ဆိုရင် ကိုယ့်က ပစ္စည်းကို မပြတ်ခင် တစ်လကြိုမှာပြီး stockကိုလည်း တစ်လစာကျန်အောက်ချန်ထားရမှာဖြစ်ပြီး safety stock ကတော့ အရေးကြုံသုံးဖို့ထားရပါမယ်၊၊

(3)Sales and administrative budget

ဒါကတော့ sale ၊marketing ၊ finance ၊HR စတာတွေရဲ့ costတွေကို budgetထဲ သေချာထည့်ဆွဲရမှာဖြစ်ပါတယ်၊၊ဥပမာ-Marketingက သတ်မှတ်ထားတဲ့ sales targetတွေကို ရဖို့အတွက် ဘယ်လိုactivitiesတွေ လုပ်ပြီးsupportပေးမလဲ ဆိုတာကိုbudget ဆွဲရမှာဖြစ်ပါတယ်၊၊

(4)Capital expenditure

Capital expenditureဆိုတာက long term assetတွေဝယ်ဖို့ ယာထားတဲ့ အသုံးစရိတ်ကို ဆိုလိုချင်းဖြစ်ပါတယ်၊၊ဥပမာ-စက်တွေ၊ကားတွေ၊အဆောက်ဦးတွေ စတာတွေဝယ်ဖို့ ယာထားရမယ့် budgetဖြစ်ပါတယ်၊၊

ဒါတွေပြီးရင်တော့ cash flowတွေ၊balance sheetတွေ၊profit and loss statementတွေကို ယာထားတဲ့အတိုင်းဆွဲကြည့်ပြီးရင် ကောင်းမွန်တဲ့ Master Budgetတစ်ခုရလာပြီး တကယ်လုပ်ရင် planနဲ့ actualကို သေချာcontrol လုပ်ရပါမယ်၊၊

Myint Mg Mg Htun

Comments are closed.