Market Penetration Strategy

Please share this post to your Facebook and LinkedIn
 
Market Penetration Strategy <Uni>

✅Market penetration strategy ဆိုတာ ကိုယ့်ရဲ့ ရှိပြီးသား Existing product ကို လက်ရှိရောင်းနေတဲ့ Existing market မှာပဲပိုပြီးရောင်းချဖို့သုံးတဲ့ Strategyအမျိုးအစားဖြစ်ပါတယ်၊၊

✅ကိုယ့်လုပ်ငန်းရဲ့ အဓိက sales target တွေကိုပြည့်မှီအောင် စဉ်းစားကြတဲ့နေရာတွေမှာ market penetration strategy ကိုလည်း အသုံးပြုကြပါတယ် market penetration strategy ကိုသုံးမယ်ဆိုရင် အဲ့existing market ရဲ့ competition အခြေအနေနဲ့ market growth rate ကောင်းမကောင်းကို အကြမ်းဖျင်းသိရှိနားလည်း သင်ပါတယ်၊၊

✅Market penetration strategy က risk နည်းပြီး ပထမဦဆုံး existing marketမှာ ကိုယ့်ရဲ့ competitorsတွေက ဘယ်လောက်strongဖြစ်မဖြစ်ကို လေ့လာရပါမယ် competitorsတွေက strongဖြစ်လေ market penetration လုပ်ဖို့ခက်လေဖြစ်ပါတယ်၊၊

✅ဒုတိယတစ်ခုက market growth rateဖြစ်ပါတယ် market growth rate ဆိုတာက ဥပမာာကိုယ့်လုပ်ငန်း industry ကြီးက အကုန်လုံးစုစုပေါင်းရောင်းအား ကိုယ်ကော competitorsတွေကော အပါ ဒီနှစ်အရောင်းက USD10 millionsရှိတယ်ဆို နောက်နှစ်အရောင်းက USD11 millionsဖြစ်သွားမယ်ဆိုရင် market growth rate 10%ရှိပါတယ် ဒီလိုတိုးတက်တယ်ဆိုရင် competitorsတွေနဲ့ ပြိုင်ဆိုင်ရတာ သိပ်မခက်ပါဘူး ဒါမှမဟုတ်ပဲ ပိုနည်းလာမယ်ဆိုရင် ပြိုင်ဆိုင်ရတာ အရမ်းကို ခက်ခဲ့ပါမယ်၊၊

✅ဒီလိုသိရှိပြီးရင် ကိုယ့်ရဲ့ product ကို market ထဲမှာ
market share များများရဖို့ဆိုရင်

➡️(1)Existing customer တွေက နဂိုထက်ပိုပြီး ဝယ်ဖို့လိုအပ်ပါတယ်
➡️(2)New customerတွေဆိုတဲ့ မဝယ်သေးတဲ့ customerတွေကို ဝယ်လာဖို့လိုအပ်ပါတယ်
➡️(3)တခြားရောင်းလို့ရတဲ့ new segment customerတွေရှိသေးလာရှာကြည့်ပြီး ရောင်းချရပါမယ်
ဒီလိုတွေရရှိလာအောင် နည်း၂ခုဖြစ်တဲ့ PULL နဲ့ PUSHကိုသုံးရပါမယ်

✔PUSH အနေနဲ့ existing marketထဲမှာ trade promotionတွေပေးတာတွေလုပ်သင့်ပြီး

✔PULL အနေနဲ့ communication channelတွေဖြစ်တဲ့ digital marketingတွေသုံးမလား၊ consumer promotionတွေပေးမလား၊ BTLတွေဖြစ်တဲ့ trade merchandisingတွေလုပ်မလာ စဉ်းစားရပါမယ်၊၊

✔New segment အနေနဲ့ မတူတဲ့ channel၊ အသက်အရွယ်တွေ ဘယ်မျိုးတွေ ထပ်ရောင်းလို့ရလဲ ဥပမာ ဓာတ်ခဲတွေရောင်းတယ်ဆိုရင် ပုံမှန် လျှပ်စစ်ဆိုင်တွေ၊Modern trade တွေရောင်းတဲ့အပြင် ဓာတ်ခဲတွေသုံးတဲ့ KTVတွေကိုပါ ရောင်းမလားစသဖြင့်တွေးရမှာဖြစ်ပါတယ်၊၊

ဒီလိုလုပ်ရင် မိတ်ဆွေရဲ့ Existing productကို Existing marketမှာပိုပြီး ရောင်းအားတက်လာမှာဖြစ်ပါတယ်၊။

Myint Maung Maung Tun
 
Market Penetration Strategy
 
 
 
 
 
 
 
Myint Maung Maung Tun

Comments are closed.