Bounce rate for digital marketing

Please share this post to your Facebook and LinkedIn





– Facebook
– Linkedin
– Instagram
– PPC(Pay Per Click)
– Google Display Ads
-SEO (organic search)
– Email


Myint Maung Maung Tun

Unicode>>>>

Bounce rate ဆိုတာ website တစ်ခုကို လာပြီးဝင်ကြည့်တဲ့ visitorတွေ ပထမဦးဆုံး စဝင်ရောက်တဲ့ landing pageကိုကြည့်ပြီး တခြားဘယ်pageတွေ၊postတွေကိုမှ ထပ်မံဝင်ရောက်ချင်းမရှိပဲ ခဏလေးနဲ့ ပြန်ထွက်သွားတာကို ဆိုလိုတာပါ၊၊

bobounce rate digital marketing

ဥပမာ လူအယောက် ၁ဝဝက ဝင်တယ် ၅ဝလောက်က ချက်ချင်း ပြန်ထွက်သွားတယ်ဆိုရင် bounce rate 50%လို့ သတ်မှတ်ပါတယ်၊၊စံနှုန်းတွေအရ bounce rate 25%အောက်ဆို အကောင်းဆုံးဖြစ်ပြီး၊ 25%ကနေ 50%ကြား ဆိုရင် အသင့်တင့်အနေထားဖြစ်ပြီး၊50% အထက်ဆို မကောင်းတဲ့ အနေအထားဖြစ်ပါတယ်၊၊

Bounce rate %တွေများရတဲ့ အကြောင်းရင်းက visitorတွေ စဝင်ရောက်တဲ့ landing page က visitorတွေနဲ့ ကိုက်ညီမှမရှိတာကြောင့်လည်းကောင်း၊ရေးထားတဲ့ contentက စိတ်ဝင်စားမှုမရှိတာကြောင့်လည်းကောင်း ဖြစ်နိုင်ပါတယ်၊၊

Visitor တွေအနေနဲ့ website ရဲ့ landing pageက်ုဝင်ရောက်လာတဲ့ sourceတွေပေါ်မှုတည်းပြီး အနေအထားကွဲပြားနိုင်ပါတယ်၊၊Websiteကို ဘယ်လိုsourceတွေကနေဝင်ရောက်လာနိုင်လဲဆိုတော့
– Facebook
– Linkedin
– Instagram
– PPC(Pay Per Click)
– Google Display Ads
-SEO (organic search)
– Email
– Youtubeစတာတွေကနေ visitorတွေ ဝင်ရောကွလာနိုင်ပါတယ်၊၊ဒီလိုdataတွေကို Google Analyticsကနေ free အနေနဲ့ ရရှိနိုင်ပါတယ်၊၊

Digital marketerတွေ အနေနဲ့ analysisလုပ်ရမှာ က ဘယ်source တွေကဝင်တဲ့ visitorတွေက bounce rateတွေများလဲ ဒါကိုဘယ်လိုပြန်ပြီး websiteမှာ visitorတွေပိုပြီး အဆင်ပြေအောင်ဘာတွေပြုပြင်ပြောင်းလဲရမလဲ စသဖြင့်လုပ်ဆောင်ရပါတယ်၊၊
ဥပမာ ဖိနပ် တစ်ရံကို online ကနေwebsiteပေါ်ကရောင်းချင်တယ်ဆိုပါဆို့ facebookတွေက ဝင်လာတဲ့ visitorတွေက bounce rateတွေများနေတယ်ဆိုရင် ဒီfacebookရဲ့ ကြော်ညာ postကို ကြောညာboostလုပ်တဲ့နေရာမှာ target Audienceရွေးချယ်တာ မှားနေလို့ visitorတွေက ဝင်ကြည့်ပြီးပြန်ထွက်သွားတာလား၊ websiteမှာ သူတို့လိုချင်တဲ့informationတွေ မရလို့လား စသဖြင့် လေ့လာသုံးသပ်ရမှာဖြစ်ပါတယ်၊၊

Myint Maung Maung Tun

Comments are closed.