3 approaches of overhead cost allocation

Please share this post to your Facebook and LinkedIn

3 approaches of overhead cost allocation



costing

Word cloud of COST related items, vector presentation background
















-Direct material cost
-Direct labour cost


Myint Mg Mg Htun

Unicode>>>


Manufacturing costမှာဆိုရင် direct material cost, direct labour cost , Overhead costဆိုပြီးတော့ ရှိပါတယ်၊၊

Two broad categories of costs

Direct material နဲ့ direct labour cost တွေက traceလိုက်ရတာလွယ်ပြီး overhead cost တွေကြတော့ အားလုံးနဲ့ သက်ဆိုင်တာ ဖြစ်သောကြောင့် ပြန်ပြီး allocation မျှဝေကျခံရပါမယ်၊၊

ဒီလို allocation လုပ်တဲ့ နေရာမှာ လုပ်ပုံလုပ်နည်း 3 နည်းနဲ့ပြုလုပ်ကြပါတယ်၊၊ဒါတွေကတော့

(1) Plantwide allocation
(2) Department allocation
(3) Activity-based costing(ABC)ဆိုပြီးရှိပါတယ်၊၊

(1) Plantwide allocation နည်းကတော့ အလွယ်ကူဆုံး နည်းလမ်းပါ ဒါပေမယ် ဒီနည်းက လုပ်ငန်းသေးတွေနဲ့ ပဲ အဆင်ပြေပြီး အရမ်းကြီးတဲ့သူတွေ အတွက်ဖို့တော့ အဆင်သိပ်မပြေပါဘူး၊၊

ဒီနည်းက ဘယ်လို allocation လုပ်လဲဆိုတော့ စုစုပေါင်းoverhead cost ကို total direct labour hour နဲ့ စားလိုက်ရင် 1နာရီအတွက် overhead costထွက်လာပြီး ကိုယ်ထုပ်တဲ့ product က 10 နာရီကြာရင် ခုနက တစ်နာရီအတွက် costနဲ့ မြှေက်ရမှာဖြစ်ပါတယ်၊၊

ဥပမာ-total overhead costက 1,000,000 ဖြစ်ပြီး Total direct labour hour က 1000hrဆိုရင် 1,000,000/1000 =1000 တစ်နာရီ အတွက် 1000ကျမှာပဲဖြစ်ပါတယ်၊၊

(2)Department allocation ကတော့ ပထမနည်းလို အကုန်လုံးပေါင်းမဟုတ်ဘဲ သက်ဆိုင်ရာ productionမှာရှိတဲ့ departmentတွေအလိုက်တွက်ချက်ချင်း ဖြစ်ပါတယ်၊၊

ဒီလိုလုပ်ရာမှာ တချို့ departmentတွေက လူတွေနဲ့ လုပ်ရင် direct labourနဲ့ တိုင်းပြီး machineတွေနဲ့ပဲ လုပ်ရင် machine operating hourနဲ့တွက်ရပါမယ်၊၊

ဥပမာ production တစ်ခုမှာ department 3 ခုရှိတယ် ဆိုပါဆို့
1 တပ်ဆင်တဲ့ department(လူနဲ့လုပ်)
2 ဆေးမှုတ်တဲ့ department(machine နဲ့လုပ်)
3 ထုပ်ပိုးတဲ့ department (လူနဲ့ လုပ်)ဆိုပြီးယူစပါ၊၊

(1)တပ်ဆင်တဲ့ department အတွက် overhead costတွေ ဘယ်လောက်ကြလဲ တွက်ပါပြီးရင် direct labour hourနဲ့ စားရင့်အဲ့department အတွက် 1 နာရီစာ overhead costရပါမည်၊၊

(2)ဆေးမှုတ်တဲ့ departmentအတွက် လည်း overhead costတွေ ဘယ်လောက်ကျမလဲ ပြီးရင် machine တွေသုံးတဲ့ အတွက်ကြောင့် total machine hourကိုရှာပါ ပြီးရင် overhead costကိုစားလိုက်ရင် 1 နာရီစာ overhead costရလာပါမယ်၊၊

(3)ထုပ်ပိုးတဲ့ departmentကို (1)မှာပြောသလိုပဲတွက်ပါ၊၊
ဒါတွေပြီးရင်တော့ ကိုယ့်product တစ်ခုထုပ်ဖို့ department(1)မှာ 2နာရီကြာမယ်၊ department(2)မှာ 1နာရီကြာမယ်၊
department(3)မှာ 1နာရီးကြာမယ်ဆိုရင် သက်ဆိုင်ရာdepartment တွေရဲ့ 1နာရီစာ costတွေနဲ့တွက်လိုက်ရင် product တစ်ခုအတွက် overhead costရလာမှာဖြစ်ပါတယ်၊၊

(3)Activity- based costing(ABC)နည်းကတော့ ခုနကပြောခဲ့တဲ့ departmentနည်း ထပ်ပိုအသေးစိပ်သွားပြီး အဲ့departmentထဲ့မှာလုပ်ရတဲ့ တနည်း processထဲမှာ ရှိတဲ့activitiesတွေ တစ်ခုချင်းစီအပေါ် အခြေခံပြီး တွက်ချက်တဲ့နည်းဖြစ်ပါတယ်၊၊

Departmentတစ်ခုချင်း စီရဲ့ activitiesတွေကို define သေချာလုပ်မယ်၊ပြီးရင် activitiesတစ်ခုချင်းစီ ရဲ့ overhead costကိုရှာမယ်၊နောက်ထပ်activitiesတွေရဲ့cost driverတွေကိုလည်းရှာပြီးတွက်လိုက်ရင် activitiesတစ်ခုချင်း ရဲ့costတွေရလညမှာဖြစ်ပါတယ်၊၊

ဒါတွေပြီးရင်တော့ productရဲ့ costကိုတွက်မယ်ဆိုရင်

-Direct material cost
-Direct labour cost
-overhead costတို့ ပေါင်းလိုက်ရင်productရဲ့ costတနည်း (cost of good sold)ဆိုပြီးရရှိမှာဖြစ်ပါတယ်၊၊

တခြားNon-manufacturing costတွေဖြစ်တဲ့ selling and marketing costတွေ othet administration costတွေတော့ expendတဲ့မှာထည့်ရမှာဖြစ်ပါတယ်၊၊

Myint Mg Mg Htun

Comments are closed.