စစ်ပွဲမတိုက်မီ သေချာသုံးသပ်လေ့လာခြင်း

Please share this post to your Facebook and LinkedIn
စစ်ပွဲမတိုက်မီ သေချာသုံးသပ်လေ့လာခြင်း<Uni>

“စစ်ရေးဆိုသည်မှာ တိုင်ပြည့်ရပ်တည်ရေး ပျက်သုဉ်းရေးအတွက် အလွန်အရေးကြီးသော မဖြစ်မနေ ဂရုပြုသုံးသပ်ပြင်စင်ရပေမည်” လို့ဆွန်းဇူးက သူ့စစ်ပညာကျမ်း အစမှာပင်ရေးသားခဲ့ပါတယ်၊၊

အလားတူ လုပ်ငန်းတွေအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းတွေရဲ့ လက်ရှိအခြေအနေကို အမြဲလေ့လာသုံးသပ်နေပြီး ရေရှည်ကြည့်ကာ ကိုယ်လုပ်ငန်းတွေအမြဲတိုးတက်အောင်ကြံစည်နေရပါမယ် စီးပွားရေးလုပ်ငန်းတွေ ပြိုလဲရင် ပထမဦးဆုံး အလုပ်ရှင်တွေရဲ့ မိသားစုတွေ အဆင်မပြေဖြစ်ပြီး ဒီအလုပ်တွေကို မှီခိုနေကြတဲ့ ဝန်ထမ်းတွေပါ အခပ်အခဲတွေ ကြုံလာမှာဖြစ်ပါတယ်၊၊

စစ်ပွဲမစခင် မိမိနှင့် ရန်သူ ဘယ်သူက အသာစီးရနေလဲဆိုတာကို အကြောင်းတရား၅ခုအပေါ်အခြေခံပြီး လေ့လာသုံးသပ်နိုင်သည်ဟုဆိုပါတယ် ဒါတွေကတော့

(၁)ခေါင်းဆောင်သူ၏ ကိုယ့်ကျင့်တရား
(၂)မိုးကောင်ကင်
(၃)ပထဝီမြေအနေအထား
(၄)ခေါင်းဆောင်သူများ
(၅)နည်းစနစ် နဲ့ စည်းမျဉ်းစည်းကမ်းတို့ဖြစ်ပါတယ်၊၊

စီပွားရေးလုပ်ငန်းတွေမှာလည်း ဒီလို ၅ခုအပေါ်မှုတည်ပြီး ဘယ်လုပ်ငန်းတွေက တိုးတက်သွားနိုင်သည် ကျဆုံးသွားနိုင်သည် ကိုမှန်းစ နိုင်ပါတယ်၊၊စီပွားရေးသဘော အနေနဲ့ကြည့်မယ်ဆိုရင်တော့

(၁)လုပ်ငန်းရှင်၏ ကိုယ့်ကျင့်တရား

“ကိုယ်ကျင့်တရားနှင့် ပြည့်စုံသော အုပ်ချုပ်သူကို ပြည်သူပြည်သားတွေက လေးစားယုံကြည်ပြီး တကယ့်စိတ်ရင်းဖြင့် သေတူရှင်မကွဲ ပူပေါင်းကာ အုပ်ချုပ်သူ ခိုင်းစေသမျှကို အခက်အခဲ အန္တရာယ်များကို မမှုပဲ စွန့်စားလုပ်ကိုင်ပေလိမ့်မည်”ဆွန်းဇူး

လုပ်ငန်းပိုင်ရှင်တွေရဲ့ ကိုယ့်ကျင့်တရားဟာ လုပ်ငန်းတော့အပေါ် အလွန်သက်ရောက်မှုရှိပါတယ် အထူးသဖြင့် ကိုယ့်ကျင့်တရား မကောင်းသော လုပ်ငန်းရှင်တွေကို ဝန်ထမ်းတွေ ၊တခြားသော တွဲဖတ်လုပ်ကိုင်သူတွေက မလေးစားပြီးအထင်အမြင်သေးမှုကို ခံရမည်ဖြစ်ပါတယ်၊၊လုပ်ငန်းရှင်များသည်

(၁) ကိုယ့်ဝန်ထမ်းများ အပေါ် လိင်ပိုင်ဆိုင်ရာ အမြတ်ထုပ်ခြင်းကို လုံးဝရှောင်ကျင်ရမည် sexual harassment လည်းဖြစ်စေပါတယ်၊၊

(၂)လုပ်ငန်းရှင်တို့သည် ဝန်ထမ်းတွေအပေါ် ကျောသားရင်သား မခွဲခြားပဲ တူညီစွာ ဆက်ဆံပြီး လေးစားသမှုရှိရပါမည် အထူးသဖြင့် ရုံးအတွင်း လူသစ် လူဟောင်းဆိုပြီး ကွဲပြားရင် လုပ်ငန်းအတွင်းစိတ်ဝမ်းကွဲမည်၊ ကပ်ပြီးဖားနေတဲ့ သူတွေကိုနေရာပေးရင် လုပ်ငန်းအတွင် အလုပ်မလုပ်ပဲ ကပ်ဖားတွေသာပေါ်များလာမည်ဖြစ်ပါသည်၊၊မိမိရဲ့ ခံစားမှု emotionalအပေါ်ကို အခြေမခံပဲ ဆုပေးသင့်သူကို ဆုပေးပြီး ဒဏ်ပေးရမည့်သူကို ဒဏ်ပေးရပါမည် 

(၃)လုပ်ငန်းရှင်များ အနေနဲ့ မိမိတို့ပြောထားသော ပေးထားသော စကားကတိတွေကို တည်ကြည့်ရမည်ဖြစ်ပါတယ် ကိုယ်က ဒါပေးမယ်လို့ ပြောရင် ပေးရမည်ဖြစ်ပါသည် မဟုတ်က ဝန်ထမ်းများ အယုံအကြည်မဲ့လာမည်ဖြစ်ပါတယ်၊၊

(၄) လုပ်ငန်းရှင်များ အနေဖြင့် ကိုယ့်ရဲ့ ပါဝါကို ပြချင်ဇောဖြင့် မသိနားမလည်ရဲ့ အရာတချို့ကို လက်အောက်ရှိ managerများပြုလုပ်နေသည်ကို လူအများရှေ့တွင် ဝင်ရောက်စွပ်ဖတ်ခြင်းများ မပြုလုပ်ရပါ၊၊

(၅)လုပ်ငန်းရှင်များအနေဖြင့် ကိုယ့်ထုပ်ထားသော စည်းမျဉ်းစည်းကမ်းတွေကို ကိုယ့်တိုင်ဦးဆောင်ဦးရွက်ပြု၍ လိုက်နာရမည်ဖြစ်ပါသည်

အထက်ပါ ကိုယ့်ကျင့်တရားဖြင့်ပြည့်စုံသော လုပ်ငန်းရှင်များကို ဝန်ထမ်းများလေးစားပြီး ခိုင်းသမျှကိုညသေချာတာဝန်ကျေစွာ ပြုလုပ်ပေးကြမည်ဖြစ်ပါတယ်၊၊

(၂)မိုးကောင်းကင်(ပတ်ဝန်ကျင် သဘာဝအခြေအနေ)

“ရှေးအခါက စစ်ရေးကျွမ်းကျင်သူတို့သည် ပတ်ဝန်ကျင် သဘာဝအခြေအနေကို ကောင်းစွာနားလည် အသုံးချပြီး စစ်ပွဲကို အောင်နိုင်အောင်ပြုလုပ်နိုင်ကြသည် စစ်တိုက်ရာတွင် ရေ၊ မီး၊ မိုး၊ မြူ ၊တောတောင်ချောက်ကပါး၊ ပူခြင်း၊အေးခြင်းတွေကို အသုံးပြုကာ စစ်ပွဲကို အောင်မြင်အောင်ဆောင်ရွက်နိုင်ကြသည်”ဆွန်းဇူး
စီပွားရေးလုပ်ငန်းများတွက်လည်း လုပ်ငန်းတွေရဲ့ ပတ်ဝန်ကျင်အခြေအနေ တနည်း အခုခေတ်အခါ နမည်းကြီးသည် PESTELကို ကျွမ်းကျင်စွားနားလည်ရပါပြီး competitorတွေနဲ့ customerတွေရဲ့အကြောင်းကိုသေချာ သိရှိထားရပါမယ်၊၊

Political(နိုင်ငံရေး)

လက်ရှိနိုင်ငံရေးအခြေအနေ အာဏာရ အစိုးရရဲ့ policyနဲ့ မှုဝါဒအပေါ်မှုတည်ပြီး တချို့လုပ်ငန်း industryတွေက ပိုကောင်းသွားသလို တချို့ လုပ်ငန်းစုတွေက ကျစင်းသွားနိုင်ပါသည်၊၊လုပ်ငန်းတွေအနေနဲ့ အစိုးရရဲ့ နိုင်ငံရေးနှင့် မှုဝဒဆိုင်ရာ အပြောင်းအလဲတွေ၊ trade policyတွေ၊ Tax policy တွေနဲ့ နောင်ပိုပြီးပြုလုပ်မယ့် business sectorတွေကို ကြိုတင် ခန့်မှန်းနိုင်ရင် လုပ်ငန်းတွေ ချဲထွင်ရာမှာကိုပြီး အခွင့်အရေးရစေမှာဖြစ်သောကြောင့် ဒါတွေကို အမြဲလေ့လာသုံးသပ်နေရမှာဖြစ်ပြီး ကိုယ့်လုပ်ငန်းတွေအပေါ် ဘယ်လိုမျိုးတွေ သက်ရောက်မှုရှိလဲ ဆိုတာကို သိရှိနားလည်းရပါမည်၊၊

Eoconomic(စီးပွားရေးအခြေအနေ)

လုပ်ငန်းတွေအနေနဲ့ လက်ရှိကိုယ့်နိုင်ငံရဲ့ စီးပွားရေးအခြေအနေ GDPတွေ၊ အတိုးနှုန်းတွေ ၊ငွေကြေးဖောင်းပွမှုနှုန်းတွေ၊ exchange rateတွေကို သေချာနားလည်သုံးသပ်ရမှာဖြစ်ပါတယ် exchange rate အပြောင်အလဲကြောင့် ကိုယ့်လုပ်ငန်းတွေရဲ့ ကုန်ပစ္စည်းစျေးနှုန်းတွေ ပြောင်းလဲမှုတွေ ရှိတာမျိုး အတိုးနှုန်းတွေကျရင် bankတွေကနေ ချေးငွေသက်သက်သာသာနဲ့ရနိုင်တာမျိုးတွေ စသဖြင့် ကိုယ့်လုပ်ငန်းအတွက် အခွင့်အျလမ်းနဲ့ စိန်ခေါ်မှုတွေကိုသိရှိနားလည်ရမှာဖြစ်ပါတယ်၊၊

Social(လူမှုအခြေအနေ)

လုပ်ငန်းတွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ လူမှူအခြေအနေတွေဖြစ်တဲ့ လူဦးရေဘယ်လောက်ရှိလဲ၊ ဘယ်အသက်အရွယ်တွေကများလဲ၊ သူတို့တွေ ဘယ်လောက်သုံးစွဲနိုင်လဲ သူတို့ ဘာတွေသိတ်ဝင်စားလဲ သူတို့တွေ ဘယ်လို behaviorတွေရှိလဲ ကို သိရှိနားလည်ထားသင်ပြီး ကိုယ့်ရဲ့ marketing အတွက်လည်း အလွန်အသုံးဝင်ပါတယ် segementတွေခွဲတဲ့အခါ နောက်product အသစ်တွေထုပ်တဲ့အခါလည်း ပိုပြီးအဆင်ပြေလွယ်ကူစေပါသည်၊၊

Technology(နည်းပညာ)

လုပ်ငန်းတွေအနေနဲ့ သက်ဆိုင်ရာ functionအလိုက် ဘယ်လိုနည်းပညာတွေသုံးစွဲသင်သလဲ ကိုစဉ်းစားရပါမယ် ဥပမာ marketing အတွက်ဆိုရင် digital marketing ဘက်ကိုသွားတာမျိုး၊ sales အတွက်ဆိုရင် way သွားတဲ့ softwareတွေသုံးတာမျိုး နောက်လုပ်ငန်းတွေထဲမှာ ERP softwareတွေသုံးပြီးချိတ်ဆက်တာမျိုး productionအတွက်ဆိုလဲ ဘယ်လို စက်အသစ်တွေသုံးမလဲ စသဖြင့် နည်းပညာများကိုကောင်းစွာအသုံးချနိုင်ရမှာ ဖြစ်ပါတယ်၊၊

Legal(ဥပေဒ)

ဥပဒေ အရအရေးကြီးတဲ့ lawတွေကိုလည်းသေချာသိရှိရပါမယ် ဥပမာ FDA lawတွေလိုမျိုး consumer productတွေမှာ မြန်မာစာပါရမယ် စသဖြင့် import and export lawတွေ၊ FDI lawတွေကို သိရှိရပါမယ် FDI law တွေဖြေလျော့ပေးရင် နိုင်ငံခြားcompanyများစွာဝင်ရောက်လာနိုင်ပြီး marketထဲ competitionကြီးသွားပါမယ် ဒီတော့ ကိုယ့်က နိုင်ငံခြားက companyတစ်ခုနဲ့ ပဲပေါင်းမလား ကိုယ့်ဘာသာပဲရပ်တည်မလားဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်၊၊

Competitor(ပြိုင်ဖတ်)

မိမိရဲ့ competitorတွေ ဘာတွေလုပ်နေလဲ ၊ဘယ်ပစ္စည်းတွေထပ်သွင်းလဲ ၊ဘယ်သူတွေနဲ့ patnerလုပ်ထားကြလဲ စျေးကွက်ဘယ်နားတွေချဲ့နေလဲ ဆိုတာတွေကို သေချာအမြဲလေ့လာစောင့်ကြည့်ရမှာဖြစ်ပြီး ကိုယ်က ဘယ်လိုပြန်လည်းလုပ်ဆောင်မလဲကိုစဉ်းစာရပါမယ်၊၊

Customer(ဝယ်သူ)

ကိုယ့်ရဲ့ customer တွေ၊consumerတွေ ဘယ်လိုပစ္စည်းတွေဘယ်လဲ ၊ဘယ်နေရာ ဘယ်အချိန် တွေမှာ ဘယ်လိုမျိုးတွေဝယ်လဲ ၊ဘာကြောင့်ဝယ်လဲ ၊ဘာတွေအဆင်ပြေပြီး ဘာတွေအဆင်မပြေဘူးလဲ စတဲ့consumer တွေရဲ့ behaviorတွေကို သိရှိနားလည်ရပါမည်၊၊

(၃)ပထဝီမြေအနေအထား

“ပထဝီမြေအနေအထားကို ကောင်းစွာကျွမ်းကျင်သော စစ်ဦးစီးသည် ရန်သူကို မည်သိုတိုက်ခိုက်မည်ဆိုတာကို ကောင်းစွာနားလည်၏ ရန်သူများမည်သည့်နေရာတပ်ချထားတာတွေ အားများသည် ၊မည်သည့်နေရာတွင် အားနည်သည် သိရှိသောသူသည် မည်သည်နေရာမှာ စတင်တိုက်ခိုက်ရမည်ကိုကောင်းစွာသိ၏ ရန်သူ၏ အားနည်းသည့် နေရာကို တိုက်ခိုက်ပြီး အားများသည့်နေရာကိုရှောင်ရှားရမည်ဖြစ်သည်” ဆွန်းဇူး

စီးပွားရေးလုပ်ငန်းများတွေလည်း လုပ်ငန်းရှင်းတို့သည် ပထဝီမြေအနေအထားကိုကောင်းစွားသိရှိနားလည်းရမည် မြန်မာနိုင်ငံတွေ ဘယ်မြို့တွေက အဓိကကျလဲ၊ ဘယ်မြို့တွေက လူဦးရေအရ အိမ်ခြေအရများလဲ၊ အထက်မြန်မာနိုင်ငံဆိုရင် ဘယ်မြို့တွေမှာ ဘယ်ပစ္စည်းတွေရောင်းရလဲ၊ ဘယ်လိုဆိုင်တွေရှိလဲ၊ ဘယ်လိုလက်ကားဆိုင်တွေရှိလဲ ၊မြေအနေအထားအရ logisticမှာ စျေးတွေဘယ်နားက အသာစီးရလဲ ဥပမာ Mandalayဘက်တွင် တရုတ်ပစ္စည်းလမ်းကြောင်းများ ပိုမိုနီးသောကြောင့် ကုန်ကျစရိတ်သက်သာခြင်း စသဖြင့် ကိုယ့်ရဲ့ ပစ္စည်းတွေ ရောင်းမယ်ဆိုရင် ဘယ်မြို့တွေကို စတင်ရောင်းသင်လဲ ၊competitorတွေကို ဘယ်နေရာတွေမှာ ပိုမို marketယူထားလဲ ဘယ်နေရာတွေက demandပိုများလဲ စသဖြင့် မြေအနေအထား အခြေအနေတွေကိုကောင်းစွာသိရှိနားလည်းရမည်ဖြစ်ပါတယ်၊၊

(၄)ခေါင်းဆောင်သူများ

“စစ်သူကြီးများသည် ပညာဉာဏ်ပြည့်ဝပြီး သတ္တိရှိကာ ရိုးသားပြီး မာနနဲ့ မာန်တွေမထားပဲ လက်အောက်ငယ်သားများအပေါ်နာလည်းကိုယ်ချင်းစာတက်ရမည် ဒါအပြင် အုပ်ချုပ်သူတွေရဲ့ ဝင်ရောက်စွတ်ဖက်မှုကို မခံရပဲ အာဏာအပြည့်ရထားသူများလည်း ဖြစ်ရင် တိုက်ပွဲတွင်အောင်မြင်မှုကိုရရှိပေမည်” ဆွန်းဇူး
စစ်သူကြီးများဆိုသည်က လုပ်ငန်းတွင်ဦးဆောင်နေသော managerများဖြစ်သည် managerများသည် ပညာဉာဏ်ရှိရပြီး ဘယ်ချိန်ဘာလုပ်မယ် ဘာလိုမျိုးတွေ အလျှင်အမြန်လုပ်ရမလဲဆိုတာကိုကောင်းစွာ သိရှိနာလည်ရပြီး ထိထိမိမိလုပ်ရဲကိုင်ရဲ သတ္တိလည်းရှိရပါမည်၊၊

ဒါ့အပြင် ကိုယ့်လက်အောက် သူတွေကို အမြဲ လေ့လာပြီး ကူညီဖေးမတက်ရပါမည် လက်အောက်ကဝန်ထမ်းများ စိတ်ဓာတ်ကျတာတွေ အဆင်မပြေတာတွေရှိရင်လည်းcoachingပြုလုပ်ပေးရပါမည် မာနရှေ့ထားပြီး ငါက managerဆိုသောပုံစံဖြင့် မပြုမှုရပါ ဒါပေမယ် စည်းမျဉ်းစည်းကမ်းများကိုတော့ ထိန်ကျောင်းရပါမည်၊၊
လက်အောက်သူတွေကို ကျောသားရင်သားမခွဲခြားရပါ ဆုပေးဒဏ်ပေးစနစ်ကိုလည်း ကောင်းစွာကျင့်သုံးရမှာဖြစ်ပါတယ်၊၊

(၅)နည်းစနစ် နှင့် စည်းမျဉ်းစည်းကမ်း

“နည်းစနစ်ကောင်းမွန်သော စစ်တပ်နှင့် စည်းစနစ်ရှိသော စစ်တပ်ကို ရန်သူများ ကတိုက်ခိုက်ဖို့ခက်ပေးသည် စည်းမျဉ်းစည်းကမ်းမရှိသော တပ်သည် ဗရမ်းဗဒါတွေဖြစ်ကာ တကယ်စစ်ပွဲတိုက်နေချိန်တွင် အမိန့်မနာခံမှုများ တာဝန်များသေချာမလုပ်ခြင်းများဖြစ်ပေါ်ပြီး တိုက်ပွဲကို ကျဆုံးစေသည်” ဆွန်းဇူး
လုပ်ငန်းတွေမှာလည်း ကိုယ့်ရဲ့ ဝန်ထမ်းတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ပြုမှုစေရမှာဖြစ်ပါတယ် ဒါကြောင့်လည်း HRက employee ruleတွေ handbookတွေကို သေချာချမှတ်ရပါမယ် မလိုက်နာတဲ့သူတွေကို အရေးယူရပါမယ် လိုက်နာသူတွေကိုဆုချီးမြင့်တာမျိုးတွေလုပ်ဆောင်ရပါမယ် မဟုတ်ရင် ကိုယ့်လုပ်ငန်းကြီးက ဗရမ်းဗဒါဖြစ်ကာ လုပ်ချင်ရာလုပ်ပုံစံကြီးဖြစ်နေပါလိုက်မယ်၊၊

အထက်ပါ အကြောင်းအရာ ၅ချက်ကို မိမိနှင် ့မိမိပြိုက်ဘက်တွေကြား ကွာခြားသွားမည့် အချက်များပင်ဖြစ်ပါသည်၊၊
Myint Maung Maung Tun
 
 
 
 
 
(၂)မိုးကောင်ကင်
(၃)ပထဝီမြေအနေအထား
(၄)ခေါင်းဆောင်သူများ
 
 
 
 
 
 
 
 
 
 
 
 
 
 
Political(နိုင်ငံရေး)
 
 
 
လုပ်ငန်းတွေအနေနဲ့ လက်ရှိကိုယ့်နိုင်ငံရဲ့ စီးပွားရေးအခြေအနေ GDPတွေ၊ အတိုးနှုန်းတွေ ၊ငွေကြေးဖောင်းပွမှုနှုန်းတွေ၊ exchange rateတွေကို သေချာနားလည်သုံးသပ်ရမှာဖြစ်ပါတယ် exchange rate အပြောင်အလဲကြောင့် ကိုယ့်လုပ်ငန်းတွေရဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေ ပြောင်းလဲမှုတွေ ရှိတာမျိုး အတိုးနှုန်းတွေကျရင် bankတွေကနေ ချေးငွေသက်သက်သာသာနဲ့ရနိုင်တာမျိုးတွေ စသဖြင့် ကိုယ့်လုပ်ငန်းအတွက် အခွင့်အျလမ်းနဲ့ စိန်ခေါ်မှုတွေကိုသိရှိနားလည်ရမှာဖြစ်ပါတယ်၊၊
 
Social(လူမှုအခြေအနေ)
 
 
Technology(နည်းပညာ)
 
 
Legal(ဥပေဒ)
 
 
Competitor(ပြိုင်ဖတ်)
 
မိမိရဲ့ competitorတွေ ဘာတွေလုပ်နေလဲ ၊ဘယ်ပစ္စည်းတွေထပ်သွင်းလဲ ၊ဘယ်သူတွေနဲ့ patnerလုပ်ထားကြလဲ ဈေးကွက်ဘယ်နားတွေချဲ့နေလဲ ဆိုတာတွေကို သေချာအမြဲလေ့လာစောင့်ကြည့်ရမှာဖြစ်ပြီး ကိုယ်က ဘယ်လိုပြန်လည်းလုပ်ဆောင်မလဲကိုစဉ်းစာရပါမယ်၊၊
 
Customer(ဝယ်သူ)
 
 
(၃)ပထဝီမြေအနေအထား
 
 
စီးပွားရေးလုပ်ငန်းများတွေလည်း လုပ်ငန်းရှင်းတို့သည် ပထဝီမြေအနေအထားကိုကောင်းစွားသိရှိနားလည်းရမည် မြန်မာနိုင်ငံတွေ ဘယ်မြို့တွေက အဓိကကျလဲ၊ ဘယ်မြို့တွေက လူဦးရေအရ အိမ်ခြေအရများလဲ၊ အထက်မြန်မာနိုင်ငံဆိုရင် ဘယ်မြို့တွေမှာ ဘယ်ပစ္စည်းတွေရောင်းရလဲ၊ ဘယ်လိုဆိုင်တွေရှိလဲ၊ ဘယ်လိုလက်ကားဆိုင်တွေရှိလဲ ၊မြေအနေအထားအရ logisticမှာ ဈေးတွေဘယ်နားက အသာစီးရလဲ ဥပမာ Mandalayဘက်တွင် တရုတ်ပစ္စည်းလမ်းကြောင်းများ ပိုမိုနီးသောကြောင့် ကုန်ကျစရိတ်သက်သာခြင်း စသဖြင့် ကိုယ့်ရဲ့ ပစ္စည်းတွေ ရောင်းမယ်ဆိုရင် ဘယ်မြို့တွေကို စတင်ရောင်းသင်လဲ ၊competitorတွေကို ဘယ်နေရာတွေမှာ ပိုမို marketယူထားလဲ ဘယ်နေရာတွေက demandပိုများလဲ စသဖြင့် မြေအနေအထား အခြေအနေတွေကိုကောင်းစွာသိရှိနားလည်းရမည်ဖြစ်ပါတယ်၊၊
 
(၄)ခေါင်းဆောင်သူများ
 
“စစ်သူကြီးများသည် ပညာဥာဏ်ပြည့်ဝပြီး သတ္တိရှိကာ ရိုးသားပြီး မာနနဲ့ မာန်တွေမထားပဲ လက်အောက်ငယ်သားများအပေါ်နာလည်းကိုယ်ချင်းစာတက်ရမည် ဒါအပြင် အုပ်ချုပ်သူတွေရဲ့ ဝင်ရောက်စွတ်ဖက်မှုကို မခံရပဲ အာဏာအပြည့်ရထားသူများလည်း ဖြစ်ရင် တိုက်ပွဲတွင်အောင်မြင်မှုကိုရရှိပေမည်” ဆွန်းဇူး
 
စစ်သူကြီးများဆိုသည်က လုပ်ငန်းတွင်ဦးဆောင်နေသော managerများဖြစ်သည် managerများသည် ပညာဥာဏ်ရှိရပြီး ဘယ်ချိန်ဘာလုပ်မယ် ဘာလိုမျိုးတွေ အလျှင်အမြန်လုပ်ရမလဲဆိုတာကိုကောင်းစွာ သိရှိနာလည်ရပြီး ထိထိမိမိလုပ်ရဲကိုင်ရဲ သတ္တိလည်းရှိရပါမည်၊၊
 
 
 
 
 
Myint Maung Maung Tun

Comments are closed.